ေလာက သစၥာ တရား၏ ဒဏ္

Zawgyi ျဖင့္ဖတ္၇န္

ပဲခူးတိုင္းအေနာက္ျခမ္း ပန္းေတာင္းၿမိဳ႕နယ္ ဥသွ်စ္ပင္ၿမိဳ႕သို႔ ခရီးႀကဳံေရာက္ခဲ့ရျပန္သည္။ ၂၀၁၆ ခုႏွစ္ကုန္အံ့ဆဲဆဲ ဒီဇင္ဘာ ၁၀ ရက္ေန႔တြင္ WYမူးယစ္ေဆးျပား ၁၄ သန္းကို စံခ်ိန္တင္ဖမ္းမိခဲ့ေသာ ျဖစ္စဥ္ကို အမွတ္ရမိသည္။ ထို႔အတူ ထမင္းထုပ္၊ ကြမ္းထုပ္နဲ႔ ေတာထဲမွာ ၈ ရက္ၾကာကင္းေထာက္ခဲ့သူကို ျပည္ေထာင္စု ျမန္မာႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္႐ုံးမွ ၂၀၁၇ ဇန္နဝါရီလ ၂၂ ရက္ေန႔စြဲျဖင့္ ထုတ္ျပန္ခဲ့ေသာ ၂၀၁၆ ဒီဇင္ဘာလ၏ ခ်ီးက်ဴးဂုဏ္ျပဳထိုက္သူဆုရရွိခဲ့ေသာ ကိုရာဇာဟိန္းကို သတိရမိသည္။ ထို႔ေၾကာင့္ ကိုရာဇာဟိန္းတို႔ေနထိုင္ရာ ႐ုံးလမ္းကေလးထဲသို႔ ခ်ိဳးေကြ႕ဝင္လာခဲ့သည္။

ယခင္က အပ္ခ်ဳပ္စက္သင္တန္းသူမ်ား၏ စကားသံ၊ ရယ္ေမာသံတို႔ျဖင့္ စည္ကားခဲ့ေသာ ကိုရာ ဇာဟိန္း၏ဇနီးစက္ခ်ဳပ္သင္တန္းဆရာမ မေဆြေဆြ၏ စက္ခ်ဳပ္ဆိုင္ကေလးသည္ တိတ္ဆိတ္လ်က္ ၿခံအစြန္း ဘက္ရွိ ကိုရာဇာဟိန္း၏ ဆိုင္ကယ္ျပင္ဆိုင္ေလးသည္လည္း ဖုန္အလိမ္းလိမ္း ပင့္ကူမွ်င္အထပ္ထပ္ႏွင့္ ေတြ႕ရသည္။ ထိုျမင္ကြင္းကို အံ့ၾသမွင္တက္စြာ ေငးၾကည့္ေနစဥ္ မေဆြေဆြထြက္လာရင္း ျမင္သြားသည္။

”ကိုရာဇာက ဇလီဖားတုံးစက္႐ုံမွာ သံခ်ည္သံေကြးလုပ္ေနရတယ္”ဟု ဆိုသည္။ ထို႔ေနာက္ ”ေျပာရရင္ေတာ့ အရွည္ႀကီးပါပဲ။ အဲဒီမူးယစ္ေဆးဝါးေတြ ဖမ္းၿပီးကတည္းက မူးယစ္ရာဇာေတြက လက္စားေခ်မယ္ဆိုတဲ့ အေတြးအျမင္ေတြနဲ႔ စက္ခ်ဳပ္သင္တဲ့ ကေလးမေတြလည္း မလာေတာ့ဘူး။ ေနာက္ ေစ့ေသနတ္မွန္မွာစိုးလို႔တဲ့။ သင္တန္းသူမရွိေတာ့ သင္တန္းက အလိုလိုရပ္သြားတာေပါ့။ စက္ဆိုင္ေတာင္ လူသိပ္မလာၾကေတာ့ဘူး”ဟု မေဆြေဆြက ညႇိဳးငယ္စြာ ေျပာသည္။

”သူမ်ားေတြအျမင္မွာေတာ့ ရဲခ်ဳပ္က ဆုေပးလိုက္၊ အေမစုက ေပးလိုက္ဆိုေတာ့ အဆင္ေျပေနၾက တယ္ထင္မွာေပါ့။ တကယ္က ရဲခ်ဳပ္ကိုယ္စား ပဲခူးတိုင္းရဲမႉးႀကီးကေပးေတာ့ သြားယူရတယ္။ ဂုဏ္ျပဳမွတ္တမ္း လႊာပါ။ ေငြမပါဘူး။ ပန္းေတာင္း ၿမိဳ႕နယ္အသင္း ရန္ကုန္က ေငြသုံးသိန္းနဲ႔ ဂုဏ္ျပဳလႊာေနာက္ ေ႐ႊပင္ ဘကေက်ာင္းဆရာေတာ္ ဦးတိႆႏွင့္ တပည့္မ်ားက ခ်ီးက်ဴးဂုဏ္ျပဳလႊာနဲ႔ ေငြတသိန္း၊ ဥသွ်စ္ပင္ၾကက္ေျခနီနဲ႔ စာေပအဖြဲ႕က ႏွစ္သိန္းရပါတယ္။

ရဲတပ္ဖြဲ႕ေမြးေန႔မွာ ေနျပည္ေတာ္ကို သြားၿပီး ရဲခ်ဳပ္ကေပးတဲ့ အဲဒီဂုဏ္ျပဳလႊာကို ပန္းကႏုတ္ေဘာင္ ကြပ္ေပးၿပီး Vivo ဖုန္းတလုံးနဲ႔ ျပန္ေပးပါတယ္။ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ ခ်ီးက်ဴးဂုဏ္ျပဳလႊာကေတာ့ မွတ္တမ္းတင္တာနဲ႔ တူပါတယ္။ လက္မွတ္ေတာင္ မရဘူး။ ကြၽန္မတို႔က အေမစုလက္မွတ္ ကေလးျမင္ေယာင္ ေနတာဟဲဟဲ”ဟု ရွက္ရယ္ရယ္ ကာ ဆိုသည္။

”ေနျပည္ေတာ္ေရာက္တုန္း ထူးျခားတာက သူလိုထူးခြၽန္ဂုဏ္ျပဳပြဲမွာ အျခားထူးခြၽန္ရဲဝန္ထမ္းေတြနဲ႔ မိတ္ေဆြျဖစ္ခဲ့ရတယ္။ သူတို႔က ရာထူးတဆင့္တိုးေတြနဲ႔ေပါ့”ဟု သူမက ဆက္ေျပာသည္။

မေဆြေဆြေျပာစကားမ်ားအရ သူတို႔ႏွစ္ဦး၏ လူမႈဘဝက်ဥ္းသြားသလို ခံစားမိၿပီး ဟိုမသြားရဲ၊ ဒီ မလာရဲျဖစ္ေနရသည္ဟု ဆိုသည္။ တခါက ငါးမ်က္ႏွာဘုရားဖူးၿပီးအျပန္ ၎တို႔စီးလာေသာ ဆိုင္ကယ္ကို အိမ္စီးကားတစီးက ပြတ္တိုက္ခဲ့သည္မွာ အေရွာင္ျမန္ေသာ္လည္း ေနာက္မွထိုင္စီးေသာ သူမ၏ ေဒါက္ျမင့္ ဖိနပ္ကို ခ်ိတ္မိၿပီး ကြၽတ္က်န္ခဲ့သည္ကို ေမွာင္ေနသျဖင့္ ျပန္မေကာက္ရဲဟု ေျပာျပသည္။

”ေခတ္ကာလကလည္း ဟိုေနရာ လူသတ္မႈ၊ ဘယ္ႏွေလာင္းၿပိဳင္၊ ဘယ္လိုစသည္ျဖင့္ မၾကာမၾကာ ၾကားသိေနရေတာ့ ကေလးေတြအတြက္လည္း စိုးရိမ္မိတယ္။ သူေတာ့ မသိဘူး။ ကြၽန္မေတာ့ ေၾကာက္လာၿပီ။ သူ႔ေယာက္ဖကလည္း ဒီကိစၥဂ်ာနယ္မွာ ဖြင့္ခ်လိုက္ကတည္းက မေခၚမေျပာေတာ့ဘူး။ သူက ရာထူး တိုးသြား တယ္ေလ။ လုံၿခဳံေရးေပးတယ္ဆိုတာလည္း ဘယ္လိုေျပာရပါ့။ ေပးေတာ့ေပးတယ္ အစ္ကိုေရ ဒီေန႔ကြၽန္ေတာ္ တာဝန္က်တယ္။ လမ္းထိပ္လက္ဖက္ရည္ဆိုင္မွာ ရွိမယ္ဆိုသြားေရာ၊ ဘယ္သူက ငုတ္တုတ္ ႀကီးထိုင္ေစာင့္ႏိုင္ မလဲ။ သူတို႔ကိုလည္း အျပစ္မျမင္ပါဘူး။ ျပည္သူနဲ႔ ရဲနဲ႔ အင္အားမွ မမွ်တာ။ သူတို႔တာဝန္ေတြေတာင္ သူတို႔လက္မလည္ဘဲ အျခားတာဝန္ေတြအမ်ားႀကီးေလ”ဟု ေျပာရွာသည္။

ဟိုတုန္းကဆိုလွ်င္ ကိုရာဇာဟိန္းဆိုင္ကယ္ျပင္ဆိုင္ အလုပ္ပါးခ်ိန္မ်ားတြင္ ေယာက္ဖျဖစ္သူ ယာဥ္ထိန္းေခါင္းေဆာင္က သူအလုပ္မ်ားခ်ိန္ ေခၚခိုင္းတတ္သည္။ လမ္းေလးခြဆုံရဲ႕ကားအဝင္အထြက္ကို မွတ္ေပးရေသာ အလုပ္ျဖစ္သည္။ ထို႔ေနာက္ လကုန္လွ်င္ မုန႔္ဖိုးေပးသည့္အတြက္ စားဝတ္ေနေရး ေခ်ာင္လည္ ၿပီး အဆင္ေျပခဲ့ၾကသည္။ ယခုေတာ့ ေယာက္ဖျဖစ္သူက ရာထူးတိုးၿပီး သူႏွင့္ သင့္ေတာ္ေသာ ေနရာသို႔ ေျပာင္းေ႐ႊ႕သြားၿပီျဖစ္သည္။ ထိုအလုပ္မ်ိဳးကိုလည္း ေနာက္လူက ေပးရန္ဝန္ေလးေပလိမ့္မည္ဟု သူမက တြက္ဆခ်င့္ခ်ိန္စြာ ေျပာျပခဲ့သည္။

ထိုအမႈကို တရား႐ုံးတြင္ ရင္ဆိုင္ေနသူမ်ားကလည္း ေရွ႕ေန ေရွ႕ရပ္စုံလင္စြာႏွင့္ ႐ုံးေတာ္တြင္ ကိုရာဇာဟိန္းအား ေမးခြန္းမ်ားကို ခက္ခဲစြာေမးခဲ့သည္ဟု ဆိုသည္။

”ကိုရာဇာဟိန္းက ေျပာျပတယ္။ ေရွ႕ေနမေတြ က စြတ္ေဟာက္တာတဲ့။ အမွန္မွာ ကားကို မိက တည္းက တေယာက္ကခုန္ခ်ၿပီး ေခ်ာက္ထဲဆင္းေျပးတာ။ ကိုရာဇာက ဖမ္းဖမ္းဆိုတာ မဖမ္းၾကေတာ့ ေၾကာင္ေနၾကတာလည္း ပါမွာေပါ့။ အဲဒီကေန မေဝးတဲ့ဂိတ္တခုမွာ ေျခေထာက္နာသြားတာကုရင္း ေတာ္ ေတာ္ၾကာၾကာေနေနတာလည္း သတင္းရတယ္။ ကိုယ့္တာဝန္က သတင္းပဲေပးရတာ၊ ဖမ္းရတာမွ မဟုတ္ဘဲေလ”ဟု ေျပာသည္။

ထိုျဖစ္စဥ္ႏွင့္ ပတ္သက္၍ ပန္းေတာင္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ႏွင္းသစ္ ကလည္း လႊတ္ေတာ္တြင္ ေမးခြန္းေမးခဲ့ၿပီး ဂုဏ္ျပဳခံရသူအား ခ်ီးျမႇင့္ရန္ အစီအစဥ္မရွိပါဟု သက္ဆိုင္ရာက ျပန္လည္ေျဖၾကားခဲ့သည္ဟု သိရသည္။

၂၀၁၆ ဒီဇင္ဘာ ၁၀ ရက္က ပန္းေတာင္း ၿမိဳ႕နယ္၊ ေညာင္ဂ်ိဳးဂိတ္တြင္ ဖမ္းဆီးရမိခဲ့ေသာ WY စိတ္ႂကြ ႐ူးသြပ္ေဆးျပား ၁၄ သန္းသည္ ကိုရာဇာဟိန္း ေတာထဲတြင္ ပင္ပန္းခက္ခဲစြာ သတင္းစုေဆာင္းရင္း တာဝန္သိ ျပည္သူတေယာက္အျဖစ္ သတင္းေပးပို႔ရာမွ ေပၚေပါက္လာျခင္းျဖစ္သည္။ ဤအတြက္ ဂုဏ္ယူဝမ္းေျမာက္ ခဲ့ရေသာ္လည္း လက္ေတြ႕ဘဝတြင္ ေလာကသစၥာ၏ ဒဏ္ကိုခံစားေနရျခင္းျဖစ္ေလေရာ့ မလား။ ေလာကသစၥာ အရ တာဝန္သိဖို႔ သစၥာရွိဖို႔ လြယ္ကူေကာင္းလြယ္ကူႏိုင္ေသာ္လည္း ေလာကသစၥာရဲ႕ ဒဏ္ရာဒဏ္ခ်က္မ်ားကို ခံႏိုင္ရည္ရွိရန္ ႀကံ့ႀကံ့ခံႏိုင္ေအာင္ ႀကိဳးစားေပေတာ့ ညီငယ္ကိုရာဇာဟိန္းေရ . . . ဟု စိတ္ထဲမွ အားေပးရင္း အျပန္လမ္းတေလွ်ာက္ ေခါင္းငိုက္စိုက္ခ်လ်က္ . . . ။

Credit: ထန္းထန္း(မဲဇလီ)

Unicodeဖြင့်ဖတ်ရန်

ပဲခူးတိုင်းအနောက်ခြမ်း ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့သို့ ခရီးကြုံရောက်ခဲ့ရပြန်သည်။ ၂၀၁၆ ခုနှစ်ကုန်အံ့ဆဲဆဲ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် WYမူးယစ်ဆေးပြား ၁၄ သန်းကို စံချိန်တင်ဖမ်းမိခဲ့သော ဖြစ်စဉ်ကို အမှတ်ရမိသည်။ ထို့အတူ ထမင်းထုပ်၊ ကွမ်းထုပ်နဲ့ တောထဲမှာ ၈ ရက်ကြာကင်းထောက်ခဲ့သူကို ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ၂၀၁၇ ဇန်နဝါရီလ ၂၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော ၂၀၁၆ ဒီဇင်ဘာလ၏ ချီးကျူးဂုဏ်ပြုထိုက်သူဆုရရှိခဲ့သော ကိုရာဇာဟိန်းကို သတိရမိသည်။ ထို့ကြောင့် ကိုရာဇာဟိန်းတို့နေထိုင်ရာ ရုံးလမ်းကလေးထဲသို့ ချိုးကွေ့ဝင်လာခဲ့သည်။

ယခင်က အပ်ချုပ်စက်သင်တန်းသူများ၏ စကားသံ၊ ရယ်မောသံတို့ဖြင့် စည်ကားခဲ့သော ကိုရာ ဇာဟိန်း၏ဇနီးစက်ချုပ်သင်တန်းဆရာမ မဆွေဆွေ၏ စက်ချုပ်ဆိုင်ကလေးသည် တိတ်ဆိတ်လျက် ခြံအစွန်း ဘက်ရှိ ကိုရာဇာဟိန်း၏ ဆိုင်ကယ်ပြင်ဆိုင်လေးသည်လည်း ဖုန်အလိမ်းလိမ်း ပင့်ကူမျှင်အထပ်ထပ်နှင့် တွေ့ရသည်။ ထိုမြင်ကွင်းကို အံ့သြမှင်တက်စွာ ငေးကြည့်နေစဉ် မဆွေဆွေထွက်လာရင်း မြင်သွားသည်။

”ကိုရာဇာက ဇလီဖားတုံးစက်ရုံမှာ သံချည်သံကွေးလုပ်နေရတယ်”ဟု ဆိုသည်။ ထို့နောက် ”ပြောရရင်တော့ အရှည်ကြီးပါပဲ။ အဲဒီမူးယစ်ဆေးဝါးတွေ ဖမ်းပြီးကတည်းက မူးယစ်ရာဇာတွေက လက်စားချေမယ်ဆိုတဲ့ အတွေးအမြင်တွေနဲ့ စက်ချုပ်သင်တဲ့ ကလေးမတွေလည်း မလာတော့ဘူး။ နောက် စေ့သေနတ်မှန်မှာစိုးလို့တဲ့။ သင်တန်းသူမရှိတော့ သင်တန်းက အလိုလိုရပ်သွားတာပေါ့။ စက်ဆိုင်တောင် လူသိပ်မလာကြတော့ဘူး”ဟု မဆွေဆွေက ညှိုးငယ်စွာ ပြောသည်။

”သူများတွေအမြင်မှာတော့ ရဲချုပ်က ဆုပေးလိုက်၊ အမေစုက ပေးလိုက်ဆိုတော့ အဆင်ပြေနေကြ တယ်ထင်မှာပေါ့။ တကယ်က ရဲချုပ်ကိုယ်စား ပဲခူးတိုင်းရဲမှူးကြီးကပေးတော့ သွားယူရတယ်။ ဂုဏ်ပြုမှတ်တမ်း လွှာပါ။ ငွေမပါဘူး။ ပန်းတောင်း မြို့နယ်အသင်း ရန်ကုန်က ငွေသုံးသိန်းနဲ့ ဂုဏ်ပြုလွှာနောက် ရွှေပင် ဘကကျောင်းဆရာတော် ဦးတိဿနှင့် တပည့်များက ချီးကျူးဂုဏ်ပြုလွှာနဲ့ ငွေတသိန်း၊ ဥသျှစ်ပင်ကြက်ခြေနီနဲ့ စာပေအဖွဲ့က နှစ်သိန်းရပါတယ်။

ရဲတပ်ဖွဲ့မွေးနေ့မှာ နေပြည်တော်ကို သွားပြီး ရဲချုပ်ကပေးတဲ့ အဲဒီဂုဏ်ပြုလွှာကို ပန်းကနုတ်ဘောင် ကွပ်ပေးပြီး Vivo ဖုန်းတလုံးနဲ့ ပြန်ပေးပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ချီးကျူးဂုဏ်ပြုလွှာကတော့ မှတ်တမ်းတင်တာနဲ့ တူပါတယ်။ လက်မှတ်တောင် မရဘူး။ ကျွန်မတို့က အမေစုလက်မှတ် ကလေးမြင်ယောင် နေတာဟဲဟဲ”ဟု ရှက်ရယ်ရယ် ကာ ဆိုသည်။

”နေပြည်တော်ရောက်တုန်း ထူးခြားတာက သူလိုထူးချွန်ဂုဏ်ပြုပွဲမှာ အခြားထူးချွန်ရဲဝန်ထမ်းတွေနဲ့ မိတ်ဆွေဖြစ်ခဲ့ရတယ်။ သူတို့က ရာထူးတဆင့်တိုးတွေနဲ့ပေါ့”ဟု သူမက ဆက်ပြောသည်။

မဆွေဆွေပြောစကားများအရ သူတို့နှစ်ဦး၏ လူမှုဘဝကျဉ်းသွားသလို ခံစားမိပြီး ဟိုမသွားရဲ၊ ဒီ မလာရဲဖြစ်နေရသည်ဟု ဆိုသည်။ တခါက ငါးမျက်နှာဘုရားဖူးပြီးအပြန် ၎င်းတို့စီးလာသော ဆိုင်ကယ်ကို အိမ်စီးကားတစီးက ပွတ်တိုက်ခဲ့သည်မှာ အရှောင်မြန်သော်လည်း နောက်မှထိုင်စီးသော သူမ၏ ဒေါက်မြင့် ဖိနပ်ကို ချိတ်မိပြီး ကျွတ်ကျန်ခဲ့သည်ကို မှောင်နေသဖြင့် ပြန်မကောက်ရဲဟု ပြောပြသည်။

”ခေတ်ကာလကလည်း ဟိုနေရာ လူသတ်မှု၊ ဘယ်နှလောင်းပြိုင်၊ ဘယ်လိုစသည်ဖြင့် မကြာမကြာ ကြားသိနေရတော့ ကလေးတွေအတွက်လည်း စိုးရိမ်မိတယ်။ သူတော့ မသိဘူး။ ကျွန်မတော့ ကြောက်လာပြီ။ သူ့ယောက်ဖကလည်း ဒီကိစ္စဂျာနယ်မှာ ဖွင့်ချလိုက်ကတည်းက မခေါ်မပြောတော့ဘူး။ သူက ရာထူး တိုးသွား တယ်လေ။ လုံခြုံရေးပေးတယ်ဆိုတာလည်း ဘယ်လိုပြောရပါ့။ ပေးတော့ပေးတယ် အစ်ကိုရေ ဒီနေ့ကျွန်တော် တာဝန်ကျတယ်။ လမ်းထိပ်လက်ဖက်ရည်ဆိုင်မှာ ရှိမယ်ဆိုသွားရော၊ ဘယ်သူက ငုတ်တုတ် ကြီးထိုင်စောင့်နိုင် မလဲ။ သူတို့ကိုလည်း အပြစ်မမြင်ပါဘူး။ ပြည်သူနဲ့ ရဲနဲ့ အင်အားမှ မမျှတာ။ သူတို့တာဝန်တွေတောင် သူတို့လက်မလည်ဘဲ အခြားတာဝန်တွေအများကြီးလေ”ဟု ပြောရှာသည်။

ဟိုတုန်းကဆိုလျှင် ကိုရာဇာဟိန်းဆိုင်ကယ်ပြင်ဆိုင် အလုပ်ပါးချိန်များတွင် ယောက်ဖဖြစ်သူ ယာဉ်ထိန်းခေါင်းဆောင်က သူအလုပ်များချိန် ခေါ်ခိုင်းတတ်သည်။ လမ်းလေးခွဆုံရဲ့ကားအဝင်အထွက်ကို မှတ်ပေးရသော အလုပ်ဖြစ်သည်။ ထို့နောက် လကုန်လျှင် မုန့်ဖိုးပေးသည့်အတွက် စားဝတ်နေရေး ချောင်လည် ပြီး အဆင်ပြေခဲ့ကြသည်။ ယခုတော့ ယောက်ဖဖြစ်သူက ရာထူးတိုးပြီး သူနှင့် သင့်တော်သော နေရာသို့ ပြောင်းရွှေ့သွားပြီဖြစ်သည်။ ထိုအလုပ်မျိုးကိုလည်း နောက်လူက ပေးရန်ဝန်လေးပေလိမ့်မည်ဟု သူမက တွက်ဆချင့်ချိန်စွာ ပြောပြခဲ့သည်။

ထိုအမှုကို တရားရုံးတွင် ရင်ဆိုင်နေသူများကလည်း ရှေ့နေ ရှေ့ရပ်စုံလင်စွာနှင့် ရုံးတော်တွင် ကိုရာဇာဟိန်းအား မေးခွန်းများကို ခက်ခဲစွာမေးခဲ့သည်ဟု ဆိုသည်။

”ကိုရာဇာဟိန်းက ပြောပြတယ်။ ရှေ့နေမတွေ က စွတ်ဟောက်တာတဲ့။ အမှန်မှာ ကားကို မိက တည်းက တယောက်ကခုန်ချပြီး ချောက်ထဲဆင်းပြေးတာ။ ကိုရာဇာက ဖမ်းဖမ်းဆိုတာ မဖမ်းကြတော့ ကြောင်နေကြတာလည်း ပါမှာပေါ့။ အဲဒီကနေ မဝေးတဲ့ဂိတ်တခုမှာ ခြေထောက်နာသွားတာကုရင်း တော် တော်ကြာကြာနေနေတာလည်း သတင်းရတယ်။ ကိုယ့်တာဝန်က သတင်းပဲပေးရတာ၊ ဖမ်းရတာမှ မဟုတ်ဘဲလေ”ဟု ပြောသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ် ကလည်း လွှတ်တော်တွင် မေးခွန်းမေးခဲ့ပြီး ဂုဏ်ပြုခံရသူအား ချီးမြှင့်ရန် အစီအစဉ်မရှိပါဟု သက်ဆိုင်ရာက ပြန်လည်ဖြေကြားခဲ့သည်ဟု သိရသည်။

၂၀၁၆ ဒီဇင်ဘာ ၁၀ ရက်က ပန်းတောင်း မြို့နယ်၊ ညောင်ဂျိုးဂိတ်တွင် ဖမ်းဆီးရမိခဲ့သော WY စိတ်ကြွ ရူးသွပ်ဆေးပြား ၁၄ သန်းသည် ကိုရာဇာဟိန်း တောထဲတွင် ပင်ပန်းခက်ခဲစွာ သတင်းစုဆောင်းရင်း တာဝန်သိ ပြည်သူတယောက်အဖြစ် သတင်းပေးပို့ရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဤအတွက် ဂုဏ်ယူဝမ်းမြောက် ခဲ့ရသော်လည်း လက်တွေ့ဘဝတွင် လောကသစ္စာ၏ ဒဏ်ကိုခံစားနေရခြင်းဖြစ်လေရော့ မလား။ လောကသစ္စာ အရ တာဝန်သိဖို့ သစ္စာရှိဖို့ လွယ်ကူကောင်းလွယ်ကူနိုင်သော်လည်း လောကသစ္စာရဲ့ ဒဏ်ရာဒဏ်ချက်များကို ခံနိုင်ရည်ရှိရန် ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားပေတော့ ညီငယ်ကိုရာဇာဟိန်းရေ . . . ဟု စိတ်ထဲမှ အားပေးရင်း အပြန်လမ်းတလျှောက် ခေါင်းငိုက်စိုက်ချလျက် . . . ။

Credit: ထန္းထန္း(မဲဇလီ)

Be the first to comment

Leave a Reply

Your email address will not be published.


*