
Zawgyi ဖြင့်ဖတ်ရန်




လိုက်ပါသည်။ တစ်လ၃ရက်၎ရက်လောက် လုပ်သွား



Unicode ဖြင့်ဖတ်ရန်

ဦးခေါင်းနှင့်ပတ်သက်သောဝေဒနာသည်များ အတွက်

ကျွန်တော်လွန်ခဲ့သော ၂နှစ်ကျော်က ဦးခေါင်းတွင်ဆံပင်ကိုရှပ်ထိရုံနဲ့ ခေါင်းညာဘက်အပေါ်ဦးရေပြားသည် ကျိန်းနေပါသည်။သေချာစွာပွတ်ကြည်ရင်လည်း ကျိန်းနေပါသည်။

ဆရာဝန်များနှင့်ပြသော်လည်းမပျောက်ပါ။နောက်ဆုံး ဦးနှောက်နှင့်အာရုံကြောအထူးကုဆီရောက်ခဲ့ပြီး တစ်နှစ်နီးပါး ဆေးသောက်ခဲ့ရပါသည်။နောက်ပိုင်း နားအတွင်းပိုင်း နှင့် မျစ်စိပါအောင့်လာပါသည်။တစ်လကို ဆေးဘိုးသိန်းချီကုန်သော်လည်းမထူးခြားပါ။သက်သာ ပျောက်ကင်းသွားသောဆေးနည်းမှာငွေနည်းနည်းနှင့် အချိန်ပေးရသောဆေးဖြစ်နေပါသည်။

ဆေးနည်းမှာ ခြေနှစ်ချောင်းဆန့်သော အင်တုံလိုအပ်ပါသည်။ထိုအင်အုံထဲသို့ရေကျက်အေးနွေးနွေးကို(ခံနိုင်သောအပူရှိန်)ခြေမျက်စိမြုတ်တဲ့ထိထည့်ပါ။ပြီးပါက ဆားကြမ်းကို ခြေနှစ်ဘက်တင်နိုင်အောင် ထည့်ပါ။၁ ပိဿာခွဲ၂ပိဿာခန့်ထည့်ရပါသည်။ပြီးပါက ခြေနှစ်ချောင်းကို ဆားပေါ်တင်ထားပြီး ဆားရေစိမ်ထားပေးပါ။အချိန်၁နာရီခန့် ထားရပါမည်။

ထိုဆားရေစိမ်းခြင်းအား ၅ရက်ဆက်လုပ်ပြီး ၃ရက်နား ပြီးဆက်လုပ်ပါ။သုံးကြိမ်လောက်လုပ်ပြီး တော်တော်သက်သာသွားပါသည်။ဆေးကိုလည်း ဆရာဝန်မပြတော့ဘဲ ဖြတ်ပစ်
လိုက်ပါသည်။ တစ်လ၃ရက်၄ရက်လောက် လုပ်သွား
တာအခုချိန်တွင် ဘာမှမခံစားရတော့ပါ။ခြေဖဝါးတစ်ခုလုံးလည်း အက်ကွဲခြင်းများမရှိဘဲ အကောင်းတိုင်းဖြစ်သွားသည်ကိုလည်းတွေ့ရပါသည်။

ဆားရေစိမ်ထားချိန်တွင် မိနစ်၃၀လောက်တွင်ခြေဖဝါး ပူလာပါသည်။၁ နာရီပြည့်အောင်ဆက်စိမ်ပါ။ပြီးပါကရေမဆေးရ အဝတ်ဖြင့်သာ သုတ်ရပါမည်။အပူ အအေး ထဲ သွားရသူများ ဖြစ်တတ်ပါသည်။အာရုံကြောထင်ပြီး ပြနေသူများ မြန်မာအယူအဆအရ အပူခဲခြင်းဖြစ်နိုင်ပါသည်။ အပူကိုဆားက စုပ်ယူခြင်းဖြစ်ပါသည်။ဆားကိုတစ်ခါသုံး သုံးပါ။ နောက်ထပ်ပြန်မသုံးပါနှင့်။

အားလုံးကျန်းမာကြပါစေ။

Credit: Ko Myo Love Myanmar

Be the first to comment

Leave a Reply

Your email address will not be published.


*